About ASU

ASU ကို 1928 ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်အလယ်ပိုင်း ဆန်အန်ဂျယ်လိုမြို့တွင် တည်ရှိကာ တက္ကသိုလ်နယ်မြေမှာ 268 ဧက ကျယ်ဝန်းသည်။ တက္ကသိုလ်ရှိ ကောလိပ် 6 ခုမှ Liberal arts, Sciences နှင့် Professional Disciplines နယ်ပယ်တွင် မေဂျာပေါင်း 100 ကျော် ဖွင့်လှစ်သင်ကြားပေးလျက် ရှိပြီး ဘွဲ့များ၊ မဟာဘွဲ့များနှင့် ပါရဂူဘွဲ့များ အပ်နှင်းပေးလျက်ရှိသည်။ လက်ရှိတွင် ကျောင်းသားပေါင်း 10,800 ကျော် တက်ရောက်နေပြီး၊ ဆရာ/ဆရာမပေါင်း 440 ကျော် ရှိပါသည်။

Academic Colleges

ASU ၏ ထူးခြားချက်များထဲမှ အချို့ကို ဖော်ပြရလျှင်

ASU သည် Princeton Review မှ ထုတ်ပြန်သော အမေရိကား၏ အကောင်းဆုံးကောလိပ် “Best Colleges” စာရင်းတွင် 2010 ခုနှစ်မှစ၍ 2023 Edition အထိ 13 နှစ်ဆက်တိုက် ဖော်ပြခြင်းခံရသော တက္ကသိုလ် ဖြစ်ပါသည်။ USA ရှိ လေးနှစ်တာတက်ရသော တက္ကသိုလ်ကောလိပ်ပေါင်း 2,700 ကျော်ထဲတွင် ASU သည် ထိပ်ဆုံး 14 ရာခိုင်နှုန်းအတွင်း ပါဝင်ပြီး တက္ကဆက်ပြည်နယ်ထဲမှ စာရင်းဝင်သော တက္ကသိုလ် 6 ခုထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။ ယင်းသာမက 60 မှ 99 အထိ သတ်မှတ်ထားသောစကေးတွင် ASU သည် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး – 84, ငွေကြေးထောက်ပံ့ကူညီမှု – 84, ဘဝအရည်အသွေး – 93, မီးဘေးလုံခြုံရေး – 96 အဆင့်သတ်မှတ်ချက် အသီးသီး ရရှိထားသည်။

ဆရာ-ကျောင်းသား အချိုး နည်းသောကြောင့် ဆရာများအနေဖြင့် ကျောင်းသားများအား ဖိဖိစီးစီး သင်ကြားပေးနိုင်ခြင်း၊ ဘာသာရပ်ရွေးချယ်ခြင်း/ အလုပ်အကိုင်နှင့်ပတ်သက်သော အကြံဉာဏ်များပေးခြင်း ကဲ့သို့သော ဂရုတစိုက်လမ်းညွှန်မှုများဖြင့် ကူညီပေးနိုင်ခြင်းတို့သည်လည်း ကျောင်း၏ အားသာချက်တစ်ခု ဖြစ်ပေသည်။

1928 ခုနှစ် တက္ကသိုလ်စတင်တည်ထောင်ခဲ့သည့် အချိန်မှစ၍ ယနေ့အထိ တက္ကသိုလ်ဝင်းထဲတွင် အမှုအခင်း တစ်စုံတစ်ရာမှ မဖြစ်ဘူးသေးသော တက္ကသိုလ် ဖြစ်သည်။ ASU သည် အမေရိကန်နိုင်ငံရှိ ဘေးကင်းလုံခြုံမှုအရှိဆုံးကျောင်းများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ တက္ကသိုလ်ဝင်းထဲရှိ လုံခြုံရေးကို တပတ်တွင် 7 ရက်၊ တစ်ရက်တွင် 24 နာရီ အချိန်ပြည့် ထားရှိစောင့်ရှောက်လျက်ရှိပြီး အေးချမ်းလုံခြုံမှုအပြည့်ဖြင့် ပညာကောင်းစွာ သင်ယူနိုင်သော၊ တက္ကသိုလ်ကျောင်းသားဘဝကို အကောင်းဆုံးဖြတ်သန်းနိုင်သော ပတ်ဝန်းကျင်ကောင်းတစ်ခုလည်း ဖြစ်သည်။ ထို့အပြင် အချိန်နှင့်အမျှအရေးကြီးနိုင်သော အသိပေးချက်များကို ဆရာများ၊ ဝန်ထမ်းများနှင့် ကျောင်းသားများအား voice messages, text messages နှင့် email တို့မှတဆင့် ဆက်သွယ်သတင်းကြားပေးသော ASUAlert စနစ်လည်း ထားရှိသည်။ ASUAlert စနစ်သည် ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်၊ အရေးပေါ်အခြေအနေများအတွင် ကောင်းစွာပြင်ဆင်နိုင်ရန်နှင့် ကျောင်းဝင်းအတွင်းရှိ လူများအားလုံး သတင်းအချက်အလက်များ အချိန်နှင့်တပြေးညီ အပြည့်အဝရရှိနိုင်ရန် ထောက်ပံ့ပေးသည်။

တက္ကသိုလ်တွင်း ကျောင်းသားကျောင်းသူများနေထိုင်ရန် ခေတ်မီကျောင်းသားဆောင် ၆ ခုရှိပြီး အဆောင်များသည်လည်း တက္ကဆက်ပြည်နယ်တွင် အကောင်းဆုံးကျောင်းသားဆောင်များအဖြစ် သတ်မှတ်ခံရသော အဆောင်များဖြစ်သည်။

Academic Services

ASU ၏ တက္ကသိုလ်သတ်မှတ်ချက်ဆိုင်ရာ ရရှိထားသောအဆင့်များ

U.S. ရှိ အကောင်းဆုံး ကောလိပ်များထဲတွင် ထိပ်ဆုံး 14% ထဲတွင် 13 နှစ်ဆက်တိုက် ဖော်ပြခံရပြီး၊ အကောင်းဆုံး 387 ကောလိပ်စာရင်းတွင် 2010, 2011, 2012, 2013, 2014, 2015, 2016, 2017, 2018, 2019, 2020, 2021, 2022 ခုနှစ်များတွင် ပါဝင်ခြင်း ~ Princeton Review

U.S. အနောက်ပိုင်းဒေသတွင်း အစိုးရတက္ကသိုလ်များထဲတွင် အဆင့် #48 ဖြစ်ခြင်း ~ US News & World Report 2022

တက္ကဆက်ပြည်နယ် တက္ကသိုလ် 53 ခုထဲတွင် သုတေသနကို အလေးထားသော research-focused Flagship State University အဖြစ် 15 နှစ်ဆက်တိုက် ရွေးချယ်ခံရသော တက္ကသိုလ် ၃ ခုထဲတွင် ပါဝင်ခြင်း ~ Princeton Review

အမေရိကားရှိ ဘေးကင်းလုံခြုံမှုအရှိဆုံးသော ထိပ်ဆုံး တက္ကသိုလ် 50 ထဲတွင် ပါဝင်ခြင်း ~ 2010 The Bennial Guide

တက္ကသိုလ်ဝင် စစ်တမ်းတွင် း ဦးစားပေး ထိပ်ဆုံးတက္ကသိုလ် 7% ထဲတွင် ပါရှိသော အကောင်းဆုံး တက္ကသိုလ်တစ်ခုအဖြစ် ရွေးချယ်ခံရခြင်း ~ B Student / The Biennial Guide

ရုပဗေဒ Physics Program တွင် တက္ကဆက်ပြည်နယ် တက္ကသိုလ်များအတွင်း၌ နံပါတ် #1, U.S. တွင် #21 အဆင့်ရှိခြင်း ~ Physics Today

U.S. ရှိ ဈေးအသက်သာဆုံးသော ကျောင်းသားဆောင်များ ထိပ်ဆုံး 30 တွင် နံပါတ် #5 အဆင့်ရှိခြင်း ~ 2015 Affordable Schools

တက္ကဆက်ပြည်နယ်တွင်း အကောင်းဆုံး ကျောင်းသားဆောင်များအဖြစ် ရွေးချယ်ခံရခြင်း ~ Best College Dorms in Texas 2020 / Niche.com

 

တက္ကသိုလ်သည် ကိုယ်ဝန်ဆောင်၊ လူမျိုး၊ အသားအရောင်၊ မူလနိုင်ငံသား၊ ဘာသာရေး၊ အသက်အရွယ်၊ မသန်စွမ်းမှု၊ စစ်ပြန်စစ်မှုထမ်းဟောင်း၊ မျိုးရိုး၊ လိင်စိတ်ကိုင်းညွတ်မှု၊ ကျား/မဖြစ်ခြင်း တို့အပါအဝင် အခြား အမျိုးအစား၊ အဆင့်တန်း သို့မဟုတ် ပင်ကိုလက္ခဏာများအပေါ် ခွဲခြားဆက်ဆံခြင်း၊ ထိပါးနှောက်ယှက်ခြင်း မရှိသည့်/ခွင့်မပြုသည့် မူဝါဒကို လက်ကိုင်ပြုထားပါသည်။ ဤလူမှုအသိုင်းအဝိုင်းအတွင်းတွင် အချင်းချင်း အပြန်အလှန် လေးစားမှုနှင့် ဆက်ဆံသည့် ယဉ်ကျေးမှုကို ထောက်ခံအားပေးမြှင့်တင်ရန် ရည်မှန်းထားပါသည်။