ASU Global PREPARATION Program

ASU Global Preparation Program တွင် ပါဝင်ကျောင်းသူကျောင်းသားများသည် နိုင်ငံတကာကျောင်းသားများကဲ့သို့ ကျောင်းလခ အများကြီး ပေးဆောင်စရာမလိုဘဲ ပြည်နယ်အတွင်းကျောင်းသားများနည်းတူ ကျောင်းလခ သက်သက်သာသာနှင့် တက်ရောက်ခွင့်ရရှိမည့်အပြင် အခြားသော ပညာသင်ထောက်ပံ့ကြေးများပါ လျှောက်ထားခွင့်ရရှိနိုင်မည် ဖြစ်ပါသည်။ 

Benefits for freshman

အမေရိကန်နိုင်ငံ၏ အကောင်းဆုံးကျောင်းများအနက်မှ ကျောင်းတစ်ကျောင်းဖြစ်သော Algelo State University (ASU) တွင် ပညာသင်ကြားမည့် မြန်မာနိုင်ငံမှ ကျောင်းသူကျောင်းသားများသည် ASU-Myanmar မှတဆင့် Global Preparation Program သို့ လျှောက်ထားပါက နိုင်ငံတကာကျောင်းလခနှုန်းထားဖြင့် ပေးဆောင်စရာမလိုဘဲ ပြည်နယ်တွင်းကျောင်းလခနှုန်းထားဖြင့်သာ ပေးဆောင်ရမည်ဖြစ်သည်။ တစ်နှစ်လျှင် ကျောင်းလခ အမေရိကန်ဒေါ်လာ ၂၃,၀၀၀ ကျော် ကုန်ကျမည့်အစား အမေရိကန်ဒေါ်လာ ၉,၀၀၀ ကျော်ကျော်သာ ( Based on 30 credit hours ) ကုန်ကျမည် ဖြစ်ပါသည်။ ထို့အပြင် အဆိုပါအခွင့်အရေးသည် ပညာသင်နှစ်တစ်နှစ်တည်းအတွက်သာ မဟုတ်ဘဲ ကျောင်းပြီးသည်အထိ ခံစားခွင့်ရရှိမှာဖြစ်သောကြောင့် တစ်နှစ်လျှင် ကျောင်းလခ ဒေါ်လာ ၁၄,၀၀၀ ခန့်သက်သာသွားမည်ဖြစ်ပြီး ပညာသင်နှစ်စုစုပေါင်း ၄ နှစ်တာအတွက် အမေရိကန်ဒေါ်လာငွေ ၅၆,၀၀၀ သက်သာစေမည်ဖြစ်ပါသည်။ ASU ၏ Global Partnership Program မှ In-state tuition fees အပြင်  SAT / ACT အမှတ်ကောင်းသောကျောင်းသူကျောင်းသားများသည် ASU ၏ Carr Scholarship ကို US$- 1000 မှ US$- 12000 အထိ နှစ်စဉ် (၄ နှစ်တာ) Scholarship ပညာသင်ဆုများလည်း လျှောက်ထားရရှိနိုင်ဦးမည် ဖြစ်ပါသည်။  GPA 3.0 အမှတ်ကို ထိန်းထားနိုင်မည်ဆိုလျှင် နှစ်စဉ် (၃ နှစ်တာ) နောက်ထပ် အမေရိကန်ဒေါ်လာ ၁,၀၀၀ မှ ၂,၀၀၀ အထိ ထပ်မံရရှိနိုင်စေမှာဖြစ်ပါသည်။ 

Introduction of ASU Myanmar

ASU-Myanmar သည် အမေရိကန်နိုင်ငံရှိ  Angelo State University တွင် ပညာသင်ကြားရန် ပြင်ဆင်နေကြသော မြန်မာနိုင်ငံမှ ကျောင်းသား ကျောင်းသူများများအား Angelo State University Global Preparation Program တွင် ပါဝင်နိုင်ရေးအတွက် အထူးစီစဉ်ဆောင်ရွက်ပေးသော မြန်မာပြည်၏ တစ်ဦးတည်းကိုယ်စားလှယ်ဖြစ်ပါသည်။  ASU-Myanmar အနေဖြင့် မြန်မာပြည်မှ ကျောင်းသူကျောင်းသားများအား အမေရိကန်ပြည်ထောင်စုရှိ The Princeton Review ၏ အကောင်းဆုံးတက္ကသိုလ်များ စာရင်း၌ ထိပ်ဆုံး ၁၅ ရာခိုင်နှုန်းတွင် ၁၁ နှစ်ဆက်တိုက် ဖော်ပြခြင်းခံရသော Angelo State University (ASU) တွင် YBM/ASU Global Program မှတဆင့် ASU တွင် အမေရိကန်ပြည်နယ်အတွင်း ကျောင်းလခ (In-state tuition fees) ဖြင့် တက်ရောက်ခွင့်ရစေနိုင်ဖို့ ဆောင်ရွက်ပေးနိုင်ရန် နားလည်မှုစာချွန်လွှာကို ASU-Myanmar နှင့် YBM/ASU တို့ လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။ 

မြန်မာနိုင်ငံသည် ASU Global Program တွင် 2020 ခုနှစ်မှစတင်ကာ ပါဝင်ခွင့် ရရှိခဲ့ပါသည်။

about asu Myanmar

ASU-Myanmar သည် မြန်မာပြည်မှ ကျောင်းသူကျောင်းသားများအား Angelo State University Global Preparation Program တွင် ပါဝင်နိုင်ရေးအတွက အထူးစီစဉ်ဆောင်ရွက်ပေးသော မြန်မာပြည်၏ တစ်ဦးတည်းကိုယ်စားလှယ်ဖြစ်ပါသည်။ ASU-Myanmar အနေဖြင့် မြန်မာပြည်မှ ကျောင်းသူကျောင်းသားများအား အမေရိကန်ပြည်ထောင်စုရှိ The Princeton Review ၏ အကောင်းဆုံး တက္ကသိုလ်များစာရင်း၌ ထိပ်ဆုံး ၁၅ ရာခိုင်နှုန်းတွင် ၁၁ နှစ်ဆက်တိုက် ဖော်ပြခြင်းခံရသော Angelo State University (ASU) တွင်  YBM/ASU Global Program မှတဆင့် မြန်မာပြည်မှ ကျောင်းသူကျောင်းသားများကို အမေရိကန်ပြည်နယ်အတွင်း ကျောင်းလခ (In-state tuition fees) ဖြင့် တက်ရောက်ခွင့်ရစေနိုင်ဖို့ ဆောင်ရွက်ပေးနိုင်ရန် နားလည်မှုစာချွန်လွှာကို ASU-Myanmar နှင့်  YBM/ASU တို့ လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။

မြန်မာနိုင်ငံသည် ASU Global Program တွင် 2020 ခုနှစ်မှစတင်ကာ ပါဝင်ခွင့် ရရှိခဲ့သည်။

ASU Global Program Admissions

Admission Procedure Guide
  1. မြန်မာနိုင်ငံမှ International Schoolတစ်ခုခုက (GED, GCSE, IGCSE, AS-Level, A-Level) အောင်မြင်ပြီးသူတိုင်း ဖြစ်စေ မြန်မာနိုင်ငံအစိုးရအထက်တန်းကျောင်းမှ ၁၀တန်းအောင်မြင်ပြီးသူများ တို့သည် အင်္ဂလိပ်စာ စာမေးပွဲ ( IELTS, TOFEL or Duolingo ) တစ်ခုခုကနေ ရရှိသောအမှတ်နှင့် တင်သွင်းလျှောက်ထားရပါမည်။
  2. ASU Myanmar တွင် ရမှတ်များ အကြိုစိစစ် ခြင်းနှင့် အကဲဖြတ်အဆင့်များ သတ်မှတ်သွားပါမည်။
  3. အကြိုစိစစ်ခြင်း ကျော်လွန်ပြီးပါက၊ လက်ခံစာ နှင့် ဝန်ခံချက်အာမခံ အား ပေးပို့ရပါမည်။
  4. ASU မှ ASU Myanmar သို့ ကျောင်းသားအတွက် I-20 အားပေးပို့လာမည်ဖြစ်ပါသည်။
  5. Student visa (F1) အတွက် အထောက်အထားပြင်ဆင်ခြင်း နှင့် ထွက်ခွါရန်လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်ခြင်းများ ဆောင်ရွက်ရပါမည်။
  6. အမေရိကန်ပြည်ထောင်စု ရှိ Angelo State University သို့ ဝင်ရောက်ခြင်း။
Admission Requirements:
ASU English Proficiency Requirements:

Undergraduate program လျှောက်ထားရာတွင် English စာ တတ်ကျွမ်းမှု အရည်အချင်းအထောက်အထား ရမှတ်များ လိုအပ်ပါသည်။

  • IELTS 6.0 TOFEL IBT 69, Duolingo 96, သို့မဟုတ်  TOFEL ITP 550 ရမှတ်လိုအပ်ပါသည်။
  • IELTS 5.5 TOFEL IBT 60-68, Duolingo 85-95, သို့မဟုတ်  TOFEL ITP 500-549 ရမှတ် သာရရှိသူများသည် “HybridA Program” တွင်ပါဝင်ပြီး  English Language Learners’ Institute (ELLI) program အားတက်ရောက်ရန်အတွက် ၇ပတ် ကြိုတင် တက်ရောက်ရမည်ဖြစ်ပါသည်။
  • IELTS 4.5-5, TOFEL IBT 50-59, Duolingo 75-84, သို့မဟုတ်  TOFEL ITP 450-499 ရမှတ် သာရရှိသူများသည် “HybridB Program” တွင်ပါဝင်ပြီး  English Language Learners’ Institute (ELLI) program အားတက်ရောက်ရန်အတွက် ၁၄ပတ် ကြိုတင် တက်ရောက်ရမည်ဖြစ်ပါသည်။
ASU Global Program

 မြန်မာပြည်က ကျောင်းသူကျောင်းသားများအား ASU-Myanmar က ASU Global Program အတွက် အထူးစီစဉ်ဆောင်ရွက်ပေးသော မြန်မာပြည်ရဲ့ တစ်ဦးတည်းသော ကိုယ်စားလှယ်ဖြစ်ပါသည်။ တရုတ်နိုင်ငံ၊ ကိုရီးယားနိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံတွေက ကျောင်းသားများ အပါအဝင် မြန်မာနိုင်ငံမှ ကျောင်းသူကျောင်းသားများသည် နိုင်ငံတကာကျောင်းသားတွေလို ကျောင်းလခ အများကြီး ပေးဆောင်စရာမလိုဘဲ ပြည်နယ်အတွင်းကျောင်းသားများနည်းတူ ကျောင်းလခ သက်သက်သာသာနှင့် တက်ရောက်ခွင့်ရရှိမည့်အပြင် အခြားသော ပညာသင်ထောက်ပံ့ကြေးများပါ လျှောက်ထားခွင့်ရရှိနိုင်မည် ဖြစ်ပါသည်

OUR GALLERY

Some Amazing Stuff From Our Campus

RECENT NEWS

What’s Going On In Our Blog?

ASU မှာ Scholarship လျှောက်လို့ရလား??? ASU မှာ မြန်မာကျောင်းသားတွေအတွက် In-State Tuition Fees

Read More »

US မှာ‌ကျောင်းတက်ဖို့ စဉ်းစားနေသလား ဒါလေးဖတ်ကြည့်ပါ…

US မှာ‌ကျောင်းတက်ဖို့ စဉ်းစားနေသလား အမေရိကန်နိုင်ငံက ဂုဏ်သိက္ခာကြီးမားတဲ့ တက္ကသိုလ်ကြီးတစ်ခုခုမှာ ကျောင်းတက်ဖို့က ငယ်ရွယ်သူလူငယ်များရဲ့ အိမ်မက်တွေထဲက တစ်ခုဖြစ်နိုင်ပါတယ်။

Read More »

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဆန်အန်ဂျယ်လိုမြို့မှတည်ရှိတဲ့ Angelo State University (ASU) ရဲ့ ထူးခြားချက်တွေထဲက အချို့

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဆန်အန်ဂျယ်လိုမြို့မှတည်ရှိတဲ့ Angelo State University (ASU) ရဲ့ ထူးခြားချက်တွေထဲက အချို့ကို

Read More »