Benefits for Freshman 

                                             Envision The Nations (ETN)  အနေဖြင့် အမေရိကန်နိုင်ငံ ရဲ့ အကောင်းဆုံးကျောင်းတွေထဲမှ ကျောင်းတစ်ကျောင်းဖြစ်သော Algelo State University (ASU) တွင် ပညာသင်ကြားမည့်မြန်မာနိုင်ငံမှ ကျောင်းသူကျောင်းသားတို့အား နိုင်ငံတကာကျောင်းသားတွေကဲ့သို့ ကျောင်းလခ အများကြီး ပေးဆောင်စရာမလိုဘဲ မူလပုံမှန်ပေးဆောင်ရမည့် ကျောင်းလခထက် ၆၀ ရာခိုင်နှုန်း ထက်မနည်းသက်သာခွင့်ရရှိနိုင်မည်ဖြစ်ပြီး တစ်နှစ်လျှင် ကျောင်းလခ အမေရိကန်ဒေါ်လာ ၂၃၀၀၀ကျော် ကုန်ကျမည့်အစား အမေရိကန်ဒေါ်လာ ၉၀၀၀ ကျော်ကျော်သာ ( Based on 30 credit hours ) ကုန်ကျရမည်သာ ဖြစ်ပါသည်။ ထို့အပြင် အဆိုပါအခွင့်အရေးသည် ပညာသင်နှစ်တစ်နှစ်တည်းအတွက်သာ မဟုတ်ဘဲ ကျောင်းပြီးသည်အထိ ခံစားခွင့်ရရှိသွားစေမှာပင်ဖြစ်သောကြောင့် တစ်နှစ်လျှင် ကျောင်းလခ ဒေါ်လာ ၁၄၀၀၀ လောက်သက်သာသွားမည်ဖြစ်ပြီး ပညာသင်နှစ်စုစုပေါင်း ၄ နှစ်တာအတွက် အမေရိကန်ဒေါ်လာငွေ ၅၆၀၀၀ (မြန်မာငွေကျပ် သိန်း ၇၀၀ကျော်) သက်သာစေမည်ဖြစ်ပါသည်။ ASU ရဲ့ Global Partnership Program ကနေ In-state tuition fees အပြင် အထက်တန်းအောင်မှတ် (GED,GCSE, IGCSE, A/As Level ) SAT /ACTအမှတ်ကောင်းကောင်းပါခဲ့ရင် ASU ရဲ့ Carr Scholarship ကို US$- 1000 ကနေ US$- 12000 အထိ နှစ်စဉ် (၄နှစ်တာ) Scholarship ပညာသင်ဆုများလည်း လျှောက်ထားရရှိနိုင်ဦးမည်ဖြစ်ပါသည်။  GPA 3.0 အမှတ် ထိန်းထားနိုင်မည်ဆိုလျှင် နှစ်စဉ် (၃နှစ်တာ) နောက်ထပ် အမေရိကန်ဒေါ်လာ ၁၀၀၀ ကနေ ၂၀၀၀ အထိ ထပ်မံရရှိနိုင်စေမှာဖြစ်ပါသည်။