Introduction of ETN Myanmar

Envision The Nations (ETN) သည် မြန်မာပြည်၌ ပညာရေးဝန်ဆောင်မှု အမျိုးမျိုးပေးဖို့ ရန်အတွက်ရည်ရွယ်ကာ ၂၀၁၅ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး ပညာရေးဆိုင်ရာ အကြံပေးမှုများနှင့် သင်တန်းများဖွင့်လှစ်သင်ကြားခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ Envision Vocational Training Institute အား ၂၀၁၉ ခုနှစ်တွင် တည်ထောင်ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ယခုအချိန်မှာ နိုင်ငံတကာတွင်ပညာသင်ကြားဖို့ ပြင်ဆင်နေကြသော မြန်မာနိုင်ငံမှ ကျောင်းသား ကျောင်းသူများအတွက် Overseas Education Services လုပ်ငန်းခွဲကို ဆောင်ရွက်ပေးနေပြီဖြစ်ပါသည်။ ETN အနေဖြင့် မြန်မာပြည်မှ ကျောင်းသူကျောင်းသားများ အား အမေရိကန်ပြည်ထောင်စုရှိ The Princeton Review စာရင်းရဲ့ အကောင်းဆုံး တက္ကသိုလ်များ ထိပ်ဆုံး ၁၅ ရာခိုင်နှုန်းမှာ ၁၁နှစ်ဆက်တိုက် ဖော်ပြခြင်းခံရတဲ့ Angelo State University (ASU) တွင် YBM/ASU Global Program မှတဆင့် ASU မှာ မြန်မာပြည်မှ ကျောင်းသူကျောင်းသားများ ပြည်နယ်အတွင်း ကျောင်းလခ (In-state tuition fees) နဲ့ တက်ရောက်ခွင့်ရစေနိုင်ဖို့ ဆောင်ရွက်ပေးနိုင်ရန် နားလည်မှုစာချွန်လွှာကို ETN နဲ့ YBM/ASU တို့ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။