Fall Intake အတွက် နောက်ဆုံးလျှောက်ရမည့်ရက်ကို ဇွန်လ ၃၀ ရက်နေ့အထိ တိုးပေးထား

အမေရိကားရဲ့ နာမည်ကြီး ​​ပြည်နယ်အစိုးရတက္ကသိုလ်ကြီးတစ်ခုဖြစ်တဲ့ Angelo State University (ASU) မှာ In-State University Fees (Intermational Student Tuition Fees ရဲ့ ၄၀% ပဲပေးရမှာဖြစ်ပြီး၊ ၆၀% သက်သာမှာဖြစ်ပါတယ်) နဲ့ တက်ခွင့်ရမည့် အခွင့်အရေးအကြောင်းကိုတော့ သိ​ကြပြီး​ဖြစ်မှာပါ။ အခုပြောချင်တာက ဒီလာမည့်
သိတဲ့သူတွေကတော့ လျှောက်နေကြပါပြီ။ လျှောက်ချင်သေးတဲ့သူတွေလည်း အချိန်မီပါသေးတယ်။ လိုအပ်ချက်တွေ ပြောပြမယ်နော်။
၁။ အထက်တန်းအောင်မြင်ကြောင်းလက်မှတ်နဲ့ အမှတ်စာရင်း
နံပတ် ၁ အရေးအကြီးဆုံးကတော့ Bachelor ဘွဲ့အတွက် လျှောက်ထားသူဟာ အထက်တန်းအောင်မြင်ကြောင်းလက်မှတ်နဲ့ အထက်တန်းအမှတ်စာရင်းတွေ တင်ပြဖို့ လိုပါတယ်။ ၂၀၂၀ ခုနှစ်မှာ အောင်ထားတဲ့သူအတွက် အထက်တန်းအောင်မြင်ကြောင်း အစိုးရက ထုတ်မပေးသေးတဲ့အတွက် အဲဒါမပါလည်း လက်ခံစဉ်းစားပေးနေပါတယ်။ မိမိတက်ခဲ့တဲ့ကျောင်းကနေ ထုတ်ထားပြီးသားရှိရင်တော့ တင်ပြလို့ရပါတယ်။
အထက်တန်းအမှတ်စာရင်းဆိုတာမှာ ဆယ်တန်းအမှတ် (Grade 11) နဲ့ ၉ တန်းအမှတ် (Grade 10) အမှတ် ၂ ခုစလုံး လိုပါတယ်။ ဆယ်တန်းအမှတ်ကတော့ ကျောင်းသားတိုင်းနီးပါးထုတ်ထားပြီးကြလို့ ခက်မယ်တော့ မထင်ပါဘူး။ ၉ တန်း အမှတ်စာရင်းကတော့ မိမိ သက်ဆိုင်ရာကျောင်းကနေ တောင်းရမှာပါ။ နောက်မှ ပို့ပေးလို့ ရပေမယ့် ပို့ပေးနိုင်မည့်နေ့ရက်ကိုတော့ ပြောရမှာ ဖြစ်ပါတယ်။ အမေရိကန်တက္ကသိုလ်ဝင်ခွင့်ရဲ့ လိုအပ်ချက်မိုလို့ တောင်းရခြင်းဖြစ်ပါတယ်။
အဲဒါတွေဟာ မြန်မာလိုဖြစ်တာကြောင့် Notary Public မှာသွားပြီး Notary လုပ်ရပါမယ်။ Notary Public တွေ ဘားလမ်း အောက်ဆုံးဘလောက် အနားတဝိုက်မှာ ရှိပါတယ်။ စုံစမ်းကြည့်ပါ။
၂။ လျှောက်လွှာ Complete Application Form
ကျောင်းတက်မယ်ဆိုမှတော့ ကျောင်းလျှောက်လွှာ ဖြည့်ရမယ်ဆိုတာ နားလည်ပြီးသားပါ။ ASU လျှောက်မယ်သူတွေကို Email ကနေ Application Form ပို့ပေးပါမယ်။ မိမိတက်လိုတဲ့ Major/Program, Sponsor’s Information စတာတွေကို ပြည့်စုံစွာ ဖော်ပြပေးရမှာ ဖြစ်ပါတယ်။
၃။ ဘဏ်လက်မှတ် (Bank Certificate or Bank Statement not less than 25,000 USD in the account)
မိမိကျောင်းစားရိတ်ကို ထောက်ပံ့မည့်သူရဲ့ ဘဏ်လက်မှတ် (Bank Certificate or Bank Statement) လိုပါတယ်။ ဘဏ်တွေက ဘဏ်စာရင်းမှာရှိတဲ့ ငွေပမာဏကို အင်္ဂလိပ်လို ဖော်ပြပေးပါတယ်။ သို့သော်လည်း ဘဏ်စာရင်းက မြန်မာကျပ်ငွေစာရင်း ဖြစ်လို့ရှိရင် မြန်မာကျပ်ငွေပမာဏကိုပဲ ဖော်ပြပေးတာကြောင့် အဲဒီနေ့ပေါက်ဈေးနဲ့ဆို အမေရိကန်ဒေါ်လာ ဘယ်လောက်နဲ့ ညီမျှပါတယ် ဆိုတာကို ဖော်ပြပေးဖို့ လိုပါတယ်။ အချို့ဘဏ်ခွဲတွေကတော့ မြန်မာကျပ်ငွေနဲ့ပဲ ဖော်ပြပေးပြီး ဒေါ်လာဘယ်လောက်နဲ့ ညီမျှပါတယ်ဆိုတာကို ဖော်ပြမပေးပါဘူး။ အဲဒီလိုဆိုရင် Notary Public မှာသွားပြီး အဲဒီနေ့ ဒေါ်လာပေါက်ဈေးနဲ့ဆို USD ဘယ်လောက်ပတ်ဝန်းကျင်လောက် ရှိပါတယ်ဆိုတာကို Notary သွားလုပ်ရမှာ ဖြစ်ပါတယ်။ ဘဏ်စာရင်းက ဒေါ်လာနဲ့ ဆိုရင်တော့ ဒေါ်လာဘယ်လောက် ရှိတယ်ဆိုတာကို ဖော်ပြယုံပါပဲ။ အနည်းဆုံး ဘဏ်စာရင်းထဲမှာ ဒေါ်လာ ၂၅,၀၀၀ ရှိရပါမယ်။
၄။ Payment Receipt of Application fee USD 50
ASU ကို လျှောက်ဖို့ ကျောင်းလျှောက်ထားခ ဒေါ်လာ ၅၀ တက္ကသိုလ်ကို ပေးသွင်းရပါမယ်။ ပေးသွင်းရမည့် Link ကို တခါတည်း ဖော်ပြလိုက်ပါတယ်။ (https://www.flywire.com/school/angelo)
Flywire မှာ Agency Account ဖွင့်ပြီး Credit Card နဲ့ ပေးရမှာဖြစ်ပါတယ်။ အဲဒီလိုပေးတဲ့အခါ ကျောင်းလျှောက်မည့်သူရဲ့နာမည် (applicant’s name) ကို မှန်မှန်ကန်ကန် ဖြည့်​ပေးဖို့လိုပါတယ်။ လျှောက်လွှာဖိုး ပေးသွင်းပေးတဲ့သူရဲ့ နာမည်ကို ဖြည့်ရမှာ မဟုတ်ပါဘူး။ အဲဒီလိုဖြည့်ရင်းနဲ့ Campus ID တောင်းတဲ့အခါ ဖြည့်ရမည့် Campus ID ကို ASU Myanmar ရဲ့ Admin Group ဆီမှာ လှမ်းတောင်းရပါမယ်။
အဲဒီ ကျောင်းလျှောက်ထားခ ကို ပေးသွင်းဖို့ ခက်ခဲတယ်ဆိုရင်တော့ ဒီ ASU Muanmar group ရဲ့ Admin Group ဆီကို ဆက်သွယ်လိုက်ပါ။ ကူညီပေးပါမယ်။
၅။ နိုင်ငံကူးလက်မှတ်/ ပတ်စ်ပို့စာအုပ် Passport Copy
ပတ်စ်ပို့စာအုပ်ကိုလည်း Scan ဆွဲပြီး ပို့ပေးဖို့ လိုပါတယ်။ ပတ်စ်ပို့သက်တမ်း အနည်းဆုံး ၂ နှစ်ကျန်နေသေးဖို့ လိုပါတယ်။
(Recommended that applicants have at least two years on their passport before it expires)
၆။ အင်္ဂလိပ်စာ ကျွမ်းကျင်မှုအမှတ် An English proficiency test score (IELTS or Duolingo score)
IELTS (Indicator) သို့မဟုတ် Duolingo စာမေးပွဲဖြေထားတဲ့ အမှတ်လည်း ပို့ပေးရမည့်အထဲမှာ ပါပါတယ်။ IELTS ဆိုရင် အနည်းဆုံး ၆ ရဖို့ လိုပြီး Duolingo ဆိုရင်တော့ အနည်းဆုံး ၉၆ မှတ် ရဖို့လိုပါတယ်။ ( Duolingo စာမေးပွဲအတွက် ဘယ်လိုပြင်ဆင်ရမယ်ဆိုတာကို ပို့စ်ရေး​ပြီးတင်ထားပေးပါတယ်။ ရှာဖတ်ကြည့်လိုက်ပါနော်) ဒါပေမယ့် အင်္ဂလိပ်စာအမှတ် နည်းရင်လည်း စိတ်ပူစရာ မလိုပါဘူး။ Hybrid “A”, Hybrid “B” ဆိုပြီး ASU ရဲ့ English Language Learners’ Instutute မှာ ကြိုလာပြီး တက်လို့ရတဲ့ အစီအစဥ်တွေ ရှိပါတယ်။ ဥပမာ IELTS average score 5.5 ပဲရတယ်ဆိုရင် ELLI မှာ ၇ ပတ်ကြိုလာပြီး အင်္ဂလိပ်စာသင်တန်းတက်ရမှာဖြစ်ပြီး၊ IELTS average score 5 ပဲရတယ်ဆိုရင်တော့ ELLI မှာ ၁၄ ပတ် ကြိုလာပြီး တက်ပြီးတော့မှ တက္ကသိုလ် ဆက်တက်သွားရမှာ ဖြစ်ပါတယ်။ အဲဒီအတွက်တော့ ကုန်ကျစားရိတ် နည်းနည်းပိုများသွားမှာ ဖြစ်ပါတယ်။
၇။ Application Processing Fee
ဒီ Global Preparation Program ကနေ In-State Tuition Fees နဲ့ တက်ရဖို့အတွက် YBM ဆိုတဲ့ Korea အခြေစိုက် Agency ကနေ စီစဥ်ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ အဲဒီအတွက် Processing Fee ပေးရမှာဖြစ်ကြောင်းကိုလည်း ကြိုတင်ပြောထားပါရစေ။ သို့သော်လည်း In-State Tuition Fees နဲ့ တက်ရမှာဖြစ်လို့ သက်သာသွားတဲ့ ပမာဏရဲ့ ၅% လောက်ပဲ ပေးရတာဖြစ်လို့ ​ပေးရတာတန်တယ်လို့ ပြောချင်ပါတယ်။
အခုရှင်းပြတာတွေက ပုံမှန် အထက်တန်းအောင်ထားသူတစ်ယောက် Bachelor Degree သွားတက်ဖို့အတွက် ပို့ပေးရမည့် လိုအပ်ချက်တွေဖြစ်ပြီး Masters Degree တက်ဖို့သော်လည်းကောင်း၊ အခြားတက္ကသိုလ်တစ်ခုခုကနေ ပြောင်းလာချင်ရင်သော်လည်းကောင်း လိုအပ်ချက်တွေက ကွဲလွဲမှု ရှိနိုင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီလာမည့် Fall Intake အတွက် အမီလျှောက်ထားချင်တယ်ဆိုရင်တော့ အခုပဲ လိုအပ်ချက်တွေ စုဆောင်းပြီး ဇွန်လ ၃၀ ရက်နေ့အမီ အမြန်လျှောက်ထားလိုက်ပါနော်။
သိချင်တာတွေကို ASU Myanmar ရဲ့ CB ကိုလည်းကောင်း 09940880027, 09940880028, 09940880029 နဲ့ 09940880037 တို့ကို ရုံးချိန်အတွင်း ဖုန်းခေါ်ဆိုပြီး မေးမြန်းစုံစမ်းနိုင်ပါတယ်။
အားလုံးပဲ အခက်အခဲကြားကနေ ရုံးထွက်ပြီး အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ကြတဲ့သူတွေ ဖြစ်ကြပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်။
ASU Myanmar Team