Application Dead Line Extended to end of October! Apply Now

Application Dead Line Extended to end of October! Apply Now!!!
လာမယ် Spring Semester (January intake) အတွက် နောက်ဆုံးလျှောက်ရမည့်ရက်ကို အောက်တိုဘာလ ၁၅ရက် (ဒီနေ့) သတ်မှတ်ထားပေမည့် မြန်မာနိုင်ငံက ကျောင်းသူကျောင်းသားတွေရဲ့ အခက်အခဲကို နားလည်ပေးပြီး ASU က နောက်ထပ် ၁၅ ရက် ထပ်တိုးပေးလိုက်ပါပြီ။ လျှောက်ချင်တဲ့သူတွေ ASU Myanmar ရုံးကို အမြန်ဆက်သွယ်လိုက်တော့နေယ်…♥♥♥♥♥
ASU Global Preparation Program ကနေ In-State Tuition Fees နဲ့ တက်ခွင့်ရမည့် ကျောင်းသားတွေထဲမှာ မြန်မာနိုင်ငံက ကျောင်းသားတွေလည်း ပါတယ်ဆိုတာတော့ သိကြပြီး ဖြစ်မှာပါ။ ကျောင်းလခ ၆၀ ရာခိုင်နှုန်း သက်သာသွားမယ့် အခွင့်အရေးနော်….
တလက်စထဲ ကျောင်းသားတွေ အမေးများတဲ့ Credit System အကြောင်းလည်း တင်ပေးလိုက်ပါတယ်။
USA မှာ ကျောင်းတက်တော့မယ်ဆိုရင် USA ရဲ့ ပညာရေးစနစ်ကို သိထားသင့်ပါတယ်။
USA မှာက မြန်မာပြည်နဲ့ အချို့နိုင်ငံတွေမှာလို တက္ကသိုလ်တတန်းကို ပြက္ခဒိန်တနှစ်နဲ့ သွားတာမဟုတ်ပဲ Credit System နဲ့ သွားတာပါ။ ဘွဲ့ရဖို့ ကိုယ်ယူတဲ့ ဘာသာရပ်ပေါ်မှာ မူတည်ပြီး စုစုပေါင်း Credit 120 ကနေ 130 လောက်အထိ ယူရတတ်ပါတယ်။ အဲဒီ Credits အားလုံးပြီးမှ ဘွဲ့ရပါတယ်။ တက္ကသိုလ်တက်မယ်ဆိုရင် ပျမ်းမျှအားဖြင့်တော့ တနှစ်ကို 30 Credits လောက်ယူရင် ၄ နှစ်အတွင်း ဘွဲ့ရပါတယ်။
အဲဒီ Credit လိုအပ်ချက်တွေ ပြီးဖို့အတွက် ကျောင်းသားတစ်ယောက်ဟာ တနှစ်ထဲမှာ Credit 30 ယူနိုင်သလို နိုင်ရင် နိုင်သလောက် 40 Credit, 50 Credit လည်း ယူနိုင်ပါတယ်။ ဒါမှမဟုတ် တနှစ်မှာ 20 Credit လောက်ပဲ ယူတာလည်း ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် တနှစ်ဘယ်လောက်ကုန်ကျသလဲဆိုတာဟာ တစ်နှစ်မှာ အဲဒီကျောင်းသား Credit ဘယ်လောက်ယူသလဲ ဆိုတဲ့အပေါ် မူတည်ပါတယ်။
ပြက္ခဒိန် ၁ နှစ်မှာ Semester ၂ ခု ရှိပြီး Semester တိုင်းမှာ ဘာသာရပ်တွေ သင်ယူရပါတယ်။ ဘာသာရပ်တစ်ခုမှာ တစ်ပတ်ကို နာရီဘယ်လောက် သင်တဲ့အပေါ်မှာ မူတည်ပြီး အဲဒီဘာက Credit ဘယ်လောက်နဲ့ ညီမျှတယ်ဆိုတာ သတ်မှတ်ပါတယ်။ ပျမ်းမျှ တစ်ဘာသာကို Semester တစ်ခုအတွက် 3 Credits လောက် သတ်မှတ်ပါတယ်။ Practical ပါတဲ့ ဘာသာရပ်တွေဆို 4 Credits ရတတ်ပြီး စာသင်ချိန်နည်းရင် 1 Credit သို့ 2 Credits ပဲ ရတတ်ပါတယ်။ Semester တစ်ခုမှာ ၅ ဘာသာယူရင် ပျမ်းမျှ 3 Credits နဲ့မြှောက်ရင် 15 Credits ဖြစ်ပါတယ်။ 2 Semesters ဆိုတော့ 30 Credits ဖြစ်ပါတယ်။ စာလိုက်နိုင်ရင် Credit ပိုယူလို့ ရပါတယ်။
ဆိုကြပါစို့။ ကျောင်းသားတစ်ယောက်ဟာ Semester တစ်ခုမှာ ၆ ဘာသာ ယူတယ် ဆိုပါစို့။ တစ်ဘာသာက 2 Credits ဖြစ်ပြီး ၄ ဘာသာက 3 Credits စီဖြစ်လို့၊ နောက်ဆုံး တစ်ဘာသာက 4 Credits ဖြစ်တဲ့အခါ စုစုပေါင်း 18 Credits ဖြစ်ပါတယ်။ နောက် Semester တစ်ခုမှာလည်း အလားတူ ယူခဲ့လိုရှိရင် နောက်ထပ် 18 Credits ဖြစ်ပါလိမ့်မယ်။ အဲဒါဆိုရင် အဲဒီနှစ်အတွက် သူယူတာ 36 Credits ဖြစ်ပြီး 1 Credit ကို ဘယ်လောက်ကျသလဲပေါ်မှာ မူတည်ပြီး 36 နဲ့ မြှောက်လိုက်ရင် အဲဒီနှစ်အတွက် Tuition Fees ဘယ်လောက်ကျသလဲ ဆိုတာ ထွက်လာပါမယ်။
ASU မှာ 1 Credit ကို ၇၇၅ ဒေါ်လာလောက် ကျပါတယ်။ တနှစ်ကို ၃၀ Credits ယူရင် ၂၃၂၅၀ ဒေါ်လာ ကျပါတယ်။ Global Preparation Program ကနေ ၆၀ရာခိုင်နှုန်း လျှော့ပေးတော့ ၉၃၀၀ ဒေါ်လာပဲ ကျပါတော့တယ်။ တနှစ်ကို ဒေါ်လာ ၁၄၀၀၀ သက်သာပြီး ကျောင်းပြီးသည်အတွက်ဆို ဒေါ်လာ ၆၀၀၀၀ နည်းပါး သက်သာသွားမှာ ဖြစ်ပါတယ်။ အခြား Scholarships ပညာသင်ထောက့်ပံ့ကြေးတွေပါ ထပ်ရရင်တော့ ဒီထက် ထပ်သက်သာသွားမှာ ဖြစ်ပါတယ်။
ကဲ… ဘာစောင့်နေသေးလဲ။ အမြန်လျှောက်လိုက်တော့…
ASU Myanmar/YBM
အမှတ် ၃၈၊ သာယာအေး (၁)လမ်း၊
တောင်သူကုန်း၊ အင်းစိန်၊ ရန်ကုန်။
ဖုန်း။ 09940880027, 09940880028,
09940880029, 09940880037